Skip to main content

ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးများထပ်မံရောက်ရှိ

နေပြည်တော် ဇန်နဝါရီ   ၁၆

ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး Doses ၅၁၂၀၀၀ သည် ယနေ့နံနက် ၅ နာရီ က QATAR လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူ ခဲ့သည်။

ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် Sputnik Light ကာကွယ်ဆေးများသည် လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံရန်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ပိုမိုလျင်မြန်စွာ လွှမ်းခြုံ နိုင်ရေးအတွက် အထောက်အကူ ဖြစ်စေရန်ဝယ်ယူထားသော Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး Doses (၁)သန်းအား ရုရှားနိုင်ငံ၊ မော်စကိုမြို့မှ မြန်မာနိုင်ငံသို့ (၂)ကြိမ်ခွဲပြီး ပို့ဆောင်ပေး ခဲ့သဖြင့် ပထမအသုတ် ကာကွယ်ဆေး Doses ၄၈၈၀၀၀ ကို ဇန်နဝါရီ ၁၃ ရက် နေ့တွင်လည်းကောင်း ဒုတိယသုတ် ကာကွယ်ဆေး Doses ၅၁၂၀၀၀ ကို ဇန်နဝါရီ ၁၆ ရက် (ယနေ့)တွင် ထပ်မံပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ် ဆေးသိုလှောင်ခန်း၌ထားရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။