Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးတနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇန်နဝါရီ (၁၃)ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှောင်လမ်းအပိုင်း (၂)၊ (4.3 Km)မှ (6 Km) အထိ ဖောက်လုပ် ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ပေါက်တိုင်းတံတား တည်ဆောက်ပြီးစီးမှု အခြေအနေ ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ပေါက်တိုင်းတံတားသည် အရှည် (၁၄၈) ပေ၊ သံပေါင်ခုံးတံတား အမျိုးအစားဖြစ်ပြီး တံတားလုပ်ငန်း များပြီးစီး၍ အချောသပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထားဝယ်မြို့ ရှောင်လမ်းအပိုင်း (၂) ပြီးစီးပါက မော်တော်ယာဉ်များ မြို့အတွင်းမှ ဖြတ်သန်းသွားလာရန် မလိုဘဲ ယာဉ်ကြော ကြပ်တည်းမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းဝေးခန်းမဆောင်၌ တိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း လမ်းနှင့် တံတားများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်လမ်း၊ တံတားများကိုလည်း ဦးစားပေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းများသတ်မှတ်အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီရန်အလေးထားဆောင်ရွက်ရန်လို ကြောင်း၊ ဘဏ္ဍာငွေသုံးစွဲရာတွင် သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ လိုက်နာဆောင်ရွက်လိုကြောင်း မှာကြားသည်။

သတင်းစဉ်