Skip to main content

တာဝန်သိ ပြည်သူများကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

နေပြည်တော် ဇန်နဝါရီ ၁၁

 

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့ အမှတ်(၄)ရပ်ကွက် ရန်ကုန်ပုသိမ်ကားလမ်းဘေးရှိ လျှပ်စစ်ပစ္စည်းဆိုင်နှင့် မီမီစတိုးကို ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းတွင် ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သမား နှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမားနှစ်ဦးကို ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၉ မမကျည် ခြောက်တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

 

အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်သမားများအား ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြသည့် တာဝန်သိပြည်သူများကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကား ပြောကြားပြီး ဂုဏ်ပြုဆုငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်