Skip to main content

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

 

နေပြည်တော် ဇန်နဝါရီ  ၁၁

 

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက် ရှိသည်။

 

ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ဆေးတစ်လုံးလျှင် (၅)ယောက် ထိုးနိုင်သော Sinopharm ကာကွယ်ဆေးနှင့် ဆေးတစ်လုံးလျှင် (၁၀)ယောက် ထိုးနိုင်သော Covaxin ကာကွယ်ဆေး များအား ကလေးမြို့သို့  Sinopharm ကာကွယ်ဆေး ၄၀၀ လုံး၊ Covaxin ကာကွယ်ဆေး ၁၂၀၀ လုံး၊ ဆေးထိုးအပ် ၁၈၀၀၀ ချောင်းနှင့် ဆေးရုံးသုံးပစ္စည်းများ၊ မုံရွှာမြို့သို့ Covaxin ကာကွယ်ဆေး ၂၀၀ လုံး၊ ဆေးထိုးအပ် ၉၀၀၀ ချောင်းနှင့် ဆေးရုံသုံးပစ္စည်းတို့ကို တပ်မတော် လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်