နေပြည်တော် ဇန်နဝါရီ ၁၀
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့တွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ရှိ နယ်မြေခံတပ်၏မိုးစပါးရိတ်သိမ်းနေမှုနှင့် နွေစပါး စိုက်ပျိုးရန် ထွန်ယက်နေမှုများကို လည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်