နေပြည်တော် ဇန်နဝါရီ ၁၀
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စက်စုကျေးရွာရှိ ရွှေကျွန်းမဏ္ဍိုင်ကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ တော်ဝင်ရတနာအရှေ့ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အောင်မင်္ဂလာ ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဖားမောင် ကျေးရွာရှိ အသောကာရာမ မစိုးရိမ်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ တိပိဋက ထိန်လင်းစာသင်တိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဖားမောင်ကျေးရွာ၊ အသောကာရာမ မစိုးရိမ် ကျောင်းတိုက်ရှိ သံဃာတော်များအား အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ခန္တီးတပ်နယ်မှ နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေးစစ် ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်းသတင်းရရှိသည်။
သတင်းစဉ်