Skip to main content

“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု( ၄)ပထမပွဲစဉ် မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

နေပြည်တော်   ဇန်နဝါရီ   ၅

စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ် နွှဲပျော် ဂီတပွဲတော် သီချင်းဆို ပြိုင်ပွဲ အုပ်စု(၄) ပထမပွဲစဉ်ကို ဇန်နဝါရီ ၇ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှတိုက်ရိုက် Liveရိုက်ကူး ထုတ်လွှင့်မည်။

အဆိုပါပွဲစဉ်၌ တိုင်းရင်းသား ပြိုင်ပွဲဝင်များဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီးမှ ဝင်းမိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ခင်သက်တင်၊ ကယားပြည်နယ်မှ အိမ့်သရဖူ၊ မန္တလေးတိုင်းဒေသကြီးမှ ဝေဝေဖြိုး၊ ချင်းပြည်နယ်မှ ရေဗက္ကာ၊ ကချင်ပြည်နယ်မှ အဂျုံး၊ နေပြည်တော်မှ စိုင်းလင်း၊ မကွေးတိုင်းဒေသကြီးမှ အေးမြသီတာနှင့် ကရင်ပြည်နယ်မှ စောရဲရဲတို့က ယှဉ်ပြိုင်သီဆိုကြမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားခေတ်ပေါ်တေးဂီတအဖွဲ့မှ တီးခတ်ပေးမည်ဖြစ်ကာ ဒုတိယအကြိမ်အဖြစ် ဇန်နဝါရီ ၉ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်သည်။

တူယှဉ်နွှဲပျော် ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲတွင် နေပြည်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမသုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦးတို့က အဖွဲ့ (၅)ဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် လည်းကောင်း၊ နောက်ဆုံးပွဲစဉ်သုံးပွဲကို ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီမီဒီယာစင်တာတွင် လည်းကောင်း၊ နိုဝင်ဘာ ၂၆ ရက်မှစပြီး အပတ်စဉ် သောကြာနေ့ ညများတွင် Live ရိုက်ကူး ထုတ်လွှင့်ပြသခဲ့ရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ၆ ရက်(တနင်္ဂနွေနေ့)ည အပါအဝင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ အပတ်စဉ် သောကြာနေ့ ညတိုင်း သီဆိုယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်