Skip to main content

ပထမအကြိမ် ရေကြောင်းတိုင်းတာရေးဆိုင်ရာ ပူးတွဲကော်မတီအစည်းအဝေး တက်ရောက်ရန် အိန္ဒိယ ရေတပ်မှ ရေကြောင်းတိုင်းတာရေးအကြီးအကဲ Vice Admiral Adhir Arora နှင့် ဇနီးတို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ရောက်ရှိ

နေပြည်တော် ဇန်နဝါရီ   ၄

မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ပထမအကြိမ် ရေကြောင်း တိုင်းတာရေးဆိုင်ရာ ပူးတွဲကော်မတီ အစည်းအဝေး (1st Joint Committee MeetingJCM) သို့ တက်ရောက်ရန် အတွက် အိန္ဒိယရေတပ်မှ ရေကြောင်း တိုင်းတာရေးဆိုင်ရာ အကြီးအကဲ Goap Vice Admiral Adhir Arora နှင့်ဇနီး ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၈ ရက်အထိငါးရက်ကြာ နေထိုင်၍ပူးတွဲကော်မတီ အစည်းအဝေးသို့တက်ရောက်ခြင်းနှင့် ရန်ကုန်မြို့ရှိ အထင်ကရနေရာ များသို့ လေ့လာလည်ပတ်သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။

သတင်းစဉ်