Skip to main content

ကျောက်မဲမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ငွေကျပ် ၇၇၄ သိန်း တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ၁၄ တန်ကျော် ဖမ်းဆီးရမိ

နေပြည်တော်  ဇန်နဝါရီ  

ကျောက်မဲမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ငွေကျပ် ၇၇၄ သိန်းတန်ဖိုးရှိ  ထိန်းချုပ် ဓာတုပစ္စည်းဆိုဒီယမ်ဆိုင်ယာနိုက် ၁၄ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် ညနေ နာရီတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် သိန္နီမှ မန္တလေးသို့ အောင်ဇော်ဦး မောင်းနှင်ပြီး သန်းဝင်း လိုက်ပါလာသည့် NISSAN ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ဒသမ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာ ၃၁  ရက် နံနက် နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် လားရှိုး-မန္တလေးသွားကားလမ်း မိုင်တိုင် အမှတ် (၄၇/၄၈) ကြားတွင်  နောင်ချိုမှ ပြင်ဦးလွင်ဘက်သို့ ရန်ဖြိုးအောင် () မောင်ကြီး မောင်းနှင်ပြီး ထက်အာကာ()ကိုထက် လိုက်ပါလာသည့် NISSAN ၆ဘီးမော်တော်ယာဉ်ကို ရှာဖွေရာ အလားတူ ထိန်းချုပ် ဓာတုပစ္စည်းဆိုဒီယမ်ဆိုင်ယာနိုက် ဒသမ ၁၅ တန် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ် ၇၇၄ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ၁၄ တန်ကျော် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ လေးဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်