Skip to main content

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေဘို-မြစ်ကြီးနား အဆင့်မြင့်နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၀- ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရွှေဘို-မြစ်ကြီးနားလမ်း အဆင့်မြင့်နိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်း၌ပြုလုပ်ရာ ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ KBS Family Company Limited မှ ဒါရိုက်တာ ဦးဘိုဘိုသောင်း က နိုင်လွန်ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကတ္တရာလမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆိုပါ ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ ရွှေဘို-မြစ်ကြီးနားလမ်း အဆင့်မြင့် နိုင်လွန်ကတ္တရာလမ်းသစ်သည် ၄၇၅ ဒသမ ၉၀  ကီလိုမီတာမှ ၄၇၉ ဒသမ ၀၀ ကီလိုမီတာအထိ  လမ်းအရှည် ဒသမ ၁၀ ကီလိုမီတာအား လမ်း  အနိမ့်အမြင့်ဖြစ်ပေါ်နေသော နေရာများကို လမ်းညိုပေးခြင်း၊ ရေစီးရေလာကောင်းမွန်ရန်အတွက် ရေမြောင်းများနှင့်လမ်းဖြတ်ကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများအပါအဝင် နိုင်လွန်ကတ္တရာ လမ်းသစ်ခင်းခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်