Skip to main content

မြန်မာအမျိုးသားလေကြောင်းက ဇန်နဝါရီလအတွင်း နိုင်ငံငါးနိုင်ငံသို့ ကယ်ဆယ်ရေး ခရီးစဉ်များ ပျံသန်းပြေးဆွဲမည်

ရန်ကုန် ဇန်နဝါရီ ၁

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)သည် ဇန်နဝါရီလတွင် အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ ကယ်ဆယ်ရေးနှင့် အထူးကယ်ဆယ်ရေးခရီးစဉ်များ ပျံသန်းပြေးဆွဲ သွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။

အိန္ဒိယနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံခရီးစဉ်တွင် ရန်ကုန်-နယူးဒေလီ-ရန်ကုန် ကယ်ဆယ်ရေးခရီးစဉ် ကို ဇန်နဝါရီ ၄ ရက်၊ ၁၈ ရက်နှင့် ရန်ကုန်-မနီလာရန်ကုန် ခရီးစဉ်ကို ဇန်နဝါရီ ၁၁ ရက်တွင် လည်းကောင်း၊ ရန်ကုန်-ဗန်ကောက်-ရန်ကုန် ကယ်ဆယ်ရေးခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် အထူးကယ်ဆယ်ရေး ခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ သောကြာနှင့် တနင်္ဂနွေနေ့ တို့တွင် လည်းကောင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံခရီးစဉ်တို့တွင် ရန်ကုန်-စင်ကာပူ-ရန်ကုန် ကယ်ဆယ်ရေး ခရီးစဉ်ကို အပတ်စဉ်တနင်္လာနေ့နှင့် အထူးကယ်ဆယ်ရေးခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တို့တွင် လည်းကောင်း၊ ရန်ကုန်-ကွာလာလမ်ပူ ကယ်ဆယ်ရေးခရီးစဉ်ကို တနင်္လာ၊ ကြာသပတေး၊ စနေနေ့နှင့် ရန်ကုန်-ကွာလာလမ်ပူ ကယ်ဆယ်ရေးခရီးစဉ်အား အပတ်စဉ် အင်္ဂါ၊ သောကြာ နှင့် တနင်္ဂနွေနေ့တို့တွင် လည်းကောင်း ပြေးဆွဲသွားမည်ဖြစ်သည်။

ဝယ်ယူနိုင်

ဇန်နဝါရီလအတွင်း ပျံသန်းပြေးဆွဲမည့် ပြည်ပ Relief Flight ခရီးစဉ်များတွင် လေယာဉ်လက်မှတ်များကို MNA လက်မှတ်အရောင်းကောင်တာများ၊ MNA Website(www. flymna.com)နှင့် Application နှင့် နီးစပ်ရာ Travel Agent များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

 

သတင်း-ညိမ်းသူ၊

ဓာတ်ပုံ - ကနူး