နေပြည်တော် ဇန်နဝါရီ ၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ၁ရက်အတွင်း ကုမ္ပဏီ ၉၆ ခုမှ ယာဉ်စီးရေ ၂၁၈ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်ဖြင့် ၃၆၄ တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် နှစ်တန်၊ အောက်ဆီဂျင်အရည် Storage Container/Tank သုံးခု၊ အောက်ဆီဂျင်အရည် Distributor သုံးခု၊ အောက်ဆီဂျင် (အိုးခွံ) ၁၃၀၀၁ ခု၊ Oxygen Plant လေးခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၆၆၁ ခု Covid Test Kit ၁၉၅၇ ခု၊ PPE ဝတ်စုံ ၃၅၁၈၀၊ လက်အိတ် ၃၂ တန်နှင့် နှာခေါင်းစည်း (Mask) ၁၁၆၉ တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အတွင်း ပြည်ပမှ တင်သွင်းသည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်စုစုပေါင်း ၁၉ စီးမှာ ရန်ကုန်မြို့သို့ ၁၆ စီး၊ မန္တလေးမြို့သို့ နှစ်စီးနှင့် မုံရွာမြို့သို့ တစ်စီးဖြစ်ပြီး၊ Oxygen Plant လေးခုမှာ မန္တလေးမြို့ သုံးခုနှင့် မူဆယ်မြို့သို့ တစ်ခုဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce. gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်