နေပြည်တော် ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက် ည ၇ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်း၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြားတွင် ယာဉ်မောင်း စိုင်းထွန်းအောင် မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် လွှစာမှုန့်၊ နွားချေးအိတ်များဖြင့် ဖုံးအုပ်ထားသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၄၁ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော ဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)