Skip to main content

မြန်မာအမျိုးသား လေကြောင်း ဇန်နဝါရီလတွင် နိုင်ငံငါးနိုင်ငံသို့ ကယ်ဆယ်ရေးအစီအစဉ်များ ပျံသန်းပြေးဆွဲမည်

ရန်ကုန် ဒီဇင်ဘာ ၃၀

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) သည် ၂၀၂၂ ခုနှစ်  ဇန်နဝါရီလတွင် အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံသို့ ကယ်ဆယ်ရေးနှင့် အထူးကယ်ဆယ်ရေးခရီးစဉ်များ  ပျံသန်းပြေးဆွဲသွားမည် ဖြစ် ကြောင်း အဆိုပါလေကြောင်းလိုင်း မှ သိရသည်။

အိန္ဒိယနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံခရီးစဉ်တွင် ရန်ကုန်နယူးဒေလီ-ရန်ကုန် ကယ်ဆယ် ရေးခရီးစဉ်ကို ၂၀၂ခုနှစ် ဇန်နဝါရီ ၄ ရက်၊ ၁၈ ရက်နှင့် ရန်ကုန် မနီလာ-ရန်ကုန် ခရီးစဉ်အား  ဇန်နဝါရီ ၁၁ ရက်တွင်လည်း ကောင်း၊ ရန်ကုန်-ဘန်ကောက်ရန်ကုန် ကယ်ဆယ်ရေးခရီးစဉ်ကို အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် အထူး ကယ်ဆယ်ရေး ခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် လည်းကောင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံ ခရီးစဉ်တို့တွင် ရန်ကုန် - စင်ကာပူ - ရန်ကုန်  ကယ်ဆယ်ရေးခရီးစဉ်ကို အပတ်စဉ် တနင်္လာနေ့နှင့်အထူး  ကယ်ဆယ်ရေးခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေနေ့တို့တွင်  လည်းကောင်း၊ ရန်ကုန်-ကွာလာလမ်ပူ ကယ်ဆယ်ရေးခရီးစဉ်ကို တနင်္လာ၊ ကြာသပတေး၊ စနေနေ့နှင့် ရန်ကုန်-ကွာလာလမ်ပူ  ကယ်ဆယ်ရေး ခရီးစဉ်အား အပတ်စဉ် အင်္ဂါ၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် လည်းကောင်း အသီးသီးပြေးဆွဲသွား မည်ဖြစ်သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်း ပျံသန်းပြေးဆွဲမည့် ပြည်ပ Relief Flight ခရီးစဉ်များတွင် လေယာဉ်လက်မှတ်များကို MNA လက်မှတ်အရောင်း ကောင်တာများ၊ MNA Website (www.flymna.com)နှင့် Applicationနှင့် နီးစပ်ရာ Travel Agent များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

ညိမ်းသူ ဓာတ်ပုံ - ကနူး