Skip to main content

နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အကူသူနာပြု(ပြင်ပ) ကိုးလသင်တန်း သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃၀ 

နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀) အစည်းအဝေးခန်းမဆောင်-၂ ၌၂၀၂၀-၂၀၂၁ ပညာသင်နှစ် အကူသူနာပြု (ပြင်ပ) ကိုးလသင်တန်းဆင်းပွဲ  အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော် ပြည်သူ့  ဆေးရုံကြီး (ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး၊ ပါမောက္ခ များ၊ သူနာပြုအုပ်ကြီး၊ သူနာပြုအုပ်များ၊ သင်ကြား ရေးအဖွဲ့ဝင်များ၊ အဖွဲ့ဝင်များနှင့် သင်တန်းဆင်း  အကူသူနာပြုများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး  ခုတင်(၁၀၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးက အမှာစကားပြောကြားပြီး ပါမောက္ခ ဒေါက်တာကျော်စွာ (ခွဲစိတ်)က သင်တန်းကြီးကြပ်ရေးအဖွဲ့ကိုယ်စား သင်တန်းဆင်း အမှာစကား ပြောကြားသည်။

ထို့နောက် သင်တန်းသင်ကြားရေးအဖွဲ့ တာဝန်ခံ သူနာပြုအုပ်ကြီး ဒေါ်စောရွှေက အမှာစကား ပြောကြားပြီး ဆုရရှိသူ သင်တန်းသူများအား ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အကူသူနာပြု သင်တန်းဆင်း ကျောင်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း  သိရသည်။

သတင်းစဉ်