Skip to main content

ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်အရ တွေ့ရှိရမှုများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

နေပြည်တော်  (၂၇-၁၂-၂၀၂၁) ရက်နေ့

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနတို့အနေဖြင့် တပ်မတော် ဆေးသုတေသနတပ်နှင့်ပူးပေါင်း၍ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ် ကြည်ရှုခြင်းလုပ်ငန်း” ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါလုပ်ငန်းစဉ်အရ ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် (၂၀၂၁) ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြန်လည် ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများထံမှ ဓါတ်ခွဲနမူနာ (၂၀) ခုအား ရယူ၍ (၂၇-၁၂-၂၀၂၁) ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊  ကုသရေးဦးစီးဌာန၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် SARS-CoV-2 Variant Omicron Real Time PCR Testing နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) မတွေ့ရှိရ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန