Skip to main content

မသက်ဆိုင်သူများ မထိခိုက်စေရန် အသိပေးချက်ကို သတိပြု

တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH နှင့် NUGအကြမ်းဖက်အဖွဲ့များ၏ သွေးထိုးလှုံ့ ဆော်ပေးမှုကြောင့် နိုင်ငံတော်ကို ဆန့်ကျင် CDM လှုပ်ရှားမှုများ ပြုလုပ်လာပြီးနောက် ဆူပူအကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက် များသည် PDF အကြမ်းဖက်အဖွဲ့ ဖွဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့ အချို့ ထံတွင် စစ်သင်တန်းများ၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ တက်ရောက်ခဲ့ကြသည်။

အကြမ်းဖက်အဖျက်သင်တန်းများ တက်ရောက်ခဲ့ကြသည့် PDF များသည် မြို့ရွာများအတွင်းသို့ ပြန်လည်ဝင် ရောက်၍ လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ နိုင်ငံ ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ရက်ရက်စက်စက်သတ်ဖြတ်မှု၊ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများအား မီးရှို့ဖျက်ဆီးမှုစသည့် အကြမ်းဖက်အဖျက်လုပ်ရပ်များကို လုပ်ကိုင်ခဲ့ကြ သည်။ အကြမ်းဖက်အဖျက်လုပ်ရပ် များကို လုပ်ကိုင်ရန် CRPH နှင့် NUG အကြမ်းဖက်အဖွဲ့ က သွေးထိုးလှုံ့ဆော် ငွေကြေးထောက်ပံ့ပေးပြီး တစ်ဖက်နိုင်ငံနယ်စပ်နှင့် EAO အဖွဲ့ အချို့ထံမှတစ်ဆင့် ပြည်တွင်းရှိ PDF အကြမ်းဖက် သမားများထံသို့ တရားမဝင် လက်နက်များ၊ ခဲယမ်းများ၊ လက်ပစ်ဗုံး၊ မိုင်းများ၊ ဆက်သွယ်ရေး ပစ္စည်းများ၊ လက်လုပ်သေနတ်၊ လက်လုပ်မိုင်းနှင့်ဆက်စပ်ပစ္စည်းများရောက်ရှိကာ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။

အကြမ်းဖက်အဖျက်သမားများလက်ချက်ကြောင့် ပြည်တွင်း၌ ထိခိုက် ပျက်စီးသေကြေဆုံးရှုံးမှုများ အမြောက် အမြားရှိခဲ့သည်ကို မြင်တွေ့ကြရမည် ဖြစ်သည်။ တပ်မတော်နှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်အဖျက် သမား များနှင့် လက်နက်အမြောက်အမြားတို့ကို ရှင်းလင်းဖယ်ရှား ဖမ်းဆီးရမိခဲ့သည့် သတင်းများကိုလည်း နေ့စဉ်မြင်တွေ့ရမည်ဖြစ်သည်။ ကြိုတင်ကြံစည်ခဲ့ကြသော တိုင်းပြည်အလုံးစုံပျက်စီးရေး၊ ပြည်ဖျက်စီမံကိန်းအရ ပြည်တွင်းရှိ မြို့ရွာဒေသ များတွင် လက်နက်ခဲယမ်းများကို သိုဝှက်ထားပြီး အကြမ်းဖက်လုပ်ငန်းများကို လုပ်ကိုင် ခဲ့ရာ ပြည်သူများပူးပေါင်းဆောင်ရွက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ များက သိုဝှက်ထားသော လက်နက်ခဲ ယမ်းများနှင့် အကြမ်းဖက်သမားများကို ရှာဖွေ ဖမ်းဆီးနိုင်ခဲ့သည်။

ယခုအခါ အကြမ်းဖက်သမားများ ချုပ်ငြိမ်းရေးကို အပြီးတိုင်တိုက်ဖျက် နှိမ်နင်းလျက်ရှိရာ လက်ကျန်အကြမ်းဖက် သမားများနှင့် တရားမဝင်လက်နက် ခဲယမ်းများအား ရှာဖွေဖမ်းဆီးလျက် ရှိသည်။ တချို့သောအကြမ်းဖက် သမားများသည် နိုင်ငံသူ နိုင်ငံသားများ၏ မသိနားမလည်မှု၊ ရိုးသားမှုအပေါ် အခွင့်ကောင်းယူ၍ ၎င်းတို့၏ တရားမဝင်လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် မူးယစ်ဆေးဝါး တားမြစ် ပစ္စည်းများအား နည်းအမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့် တစ်ဖက်လှည့်အပ်နှံသိမ်းစေမှုများကိုလည်း ပြုလုပ်လျက် ရှိရာ အကြမ်းဖက်သမားများနှင့်လက်နက်ခဲယမ်းများကို ၎င်းတို့ငှားရမ်းသိုဝှက်ထားသည့် နေအိမ်များမှ ဖော်ထုတ်ဖမ်းဆီးရမိသည့်သတင်းများကို မြင်တွေ့ကြားသိရမည် ဖြစ်သည်။ ထိုအခါ မသိနားမ လည်သည့် မသက်ဆိုင်သူများ ထိခိုက်နစ်နာမှုများ ရှိလာခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က အကြမ်းဖက်သမားများနှင့် မသက်ဆိုင်သူများအနေဖြင့် မလိုလားအပ်သော အမှုရင်ဆိုင်ရမှုများ မရှိစေရေးအတွက် နှိုးဆော်အသိပေးနေသည်။

အကြမ်းဖက်သူများနှင့် မသက်ဆိုင်သူများအနေဖြင့် မလိုလားအပ်ဘဲ တရားဥပဒေအရ ရင်ဆိုင်မှုမရှိစေနိုင်ရေး အလို့ငှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံသူ နိုင်ငံသားအားလုံးသည် အကြောင်းအမျိုးမျိုးနှင့် နည်းမျိုးစုံဖြင့် မိမိတို့နေအိမ်၊ တိုက်ခန်းနှင့် နေရာအသီးသီးတွင် တရားမဝင် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် နိုင်ငံတော်က ဥပဒေအရ တားမြစ်ပြဋ္ဌာန်းထားသည့် မူးယစ်ဆေးဝါးများ လက်ဝယ်သို့ ရောက်ရှိသိမ်းဆည်းထားခြင်းများရှိကြပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၊ နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ ကြရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပြီးနောက် စစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေ များနှင့်အညီ အရေးယူခံရ မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သို့ဖြစ်ရာ ပြည်သူပြည်သားများအနေဖြင့် မိမိတို့အိမ်နေရာများကို အခြားသူ များအား တည်းခိုခွင့်၊ ငှားရမ်းနေ ထိုင်ခွင့်ပြုရာတွင် သက်ဆိုင်ရာက အသိပေး ထုတ်ပြန်ထားသော ဥပဒေနှင့်မလွတ်ကင်းသည့် အချက်များနှင့် မငြိစွန်းစေရန် အတွက် အသိပေးကြေညာထားချက်ကို သတိမူလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအပ် ပါကြောင်း။

(ကြေးမုံ အယ်ဒီတာ့အာဘော်)