Skip to main content

မြန်မာနိုင်ငံစာရင်းကောင်စီအကြောင်းသိကောင်းစရာများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၃

“မြန်မာနိုင်ငံစာရင်း ကောင်စီအကြောင်းသိကောင်းစရာများ” ခေါင်းစဉ်ဖြင့် အသိ ပညာများဖြန့်ဝေသည့် ဆွေးနွေးပွဲ အမှတ်စဉ်(၁၀)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ COVID-19 ကာကွယ်ရေးစည်းမျဉ်းများ နှင့်အညီ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က မြန်မာနိုင်ငံ စာရင်းကောင်စီ(MAC)ကို ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေ(၁၉၇၂ခုနှစ်)အရ စတင်ဖွဲ့စည်းခဲ့ပြီး ယခုလာမည့် ဇန်နဝါရီလတွင် နှစ် (၅၀) ပြည့် မည်ဖြစ်ကြောင်း၊ ၁၉၉၄ ခုနှစ်၊ ၂၀၁၅ ခုနှစ် နှင့် ၂၀၂၁ ခုနှစ်တို့တွင် မြန်မာနိုင်ငံ စာရင်းကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း။

မြန်မာနိုင်ငံစာရင်းကောင်စီသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည့် အရည်အချင်း ပြည့်မီသော စာရင်းပညာရှင်များမွေးထုတ်ခြင်း၊ နိုင်ငံတကာစာရင်း ကိုင်စံများ၊ စာရင်းစစ်စံများ နှင့်အညီ စာရင်းများကိုစနစ်တကျ ထိန်းသိမ်းနိုင်ရေး၊ စာရင်းစစ်ဆေးခြင်းနှင့် စာရင်းဝန်ဆောင်မှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် စာရင်းကိုင်စံများနှင့် စာရင်းစစ်စံများ သတ်မှတ်ပြဋ္ဌာန်းခြင်း၊ စာရင်းပညာရှင်များအား ကျင့်ဝတ်သိက္ခာစောင့်ထိန်းရေးကို တာဝန်ယူဆောင် ရွက်ခြင်း၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့ စာရင်းကိုင်များအသင်း (MICPA) ကို  ကြီးကြပ်ခြင်း စသည် တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် MICPA သည် အရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာစာရင်း ကိုင်များ အဖွဲ့ချုပ် (ASEAN Federation of Accountants - AFA ) ၏  Member အဖြစ် ဆောင်ရွက်လျက် ရှိကြောင်း၊  ထို့ပြင် မြန်မာနိုင်ငံ စာရင်းကောင်စီသည် စာရင်းပညာမူဝါဒများဆိုင်ရာ ကိစ္စရပ်များအတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိ သည့်တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံစာရင်းကောင်စီရုံး (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ပပဝင်းက မြန်မာနိုင်ငံစာရင်းကောင်စီ၊ စာရင်းကောင်စီဥပဒေနှင့် မြန်မာနိုင်ငံစာရင်း ကောင်စီရုံး၏ လုပ်ငန်းများနှင့်စပ် လျဉ်း၍လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇင်ဝင်းက စာရင်းကိုင်/စာရင်းစစ် နှင့် စာရင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာများကို လည်းကောင်း၊ တာဝန်ရှိသူများက လက်မှတ်ရပြည်သူ့ စာရင်းကိုင်သင်တန်း၊ ဒီပလိုမာ စာရင်းကိုင်သင်တန်းနှင့် စာရင်းကိုင်အလုပ်သင်ဆိုင်ရာများကို လည်းကောင်း ဆွေးနွေးတင်ပြ ကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အကြံပြုခြင်း၊ ဆွေးနွေးမေးမြန်းခြင်းများ ပြုလုပ်ကြသည်။

ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စုပေါင်းခန်းမနှင့် သင်တန်းကျောင်း ခန်းမ(၄)ခုတို့၌ တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)