Skip to main content

လားရှိုးမြို့ရှိ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့အား အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့အား အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် လားရှိုးမြို့၊ ပြည်နယ်ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့များဖြစ်သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ် ဘာသာ၊ ဟိန္ဒူဘာသာနှင့် YMBA ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီးတို့မှ ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား အလှူငွေများနှင့် လက်ဆောင် ပစ္စည်းများကို လည်းကောင်း၊ ခရစ်စမတ် ပွဲတော်ကျင်းပနိုင်ရေးအတွက် အလှူငွေများ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန် ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်