Skip to main content

တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပဉ္စမအကြိမ်ပေးအပ်သည့် အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၁

တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပဉ္စမအကြိမ်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် နာရီတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့် က အမှာစကား ပြောကြားသည်။

ကတိသစ္စာပြု အခမ်းအနားတွင် လျှောက်ထားသူ အထက်တန်းရှေ့နေ ၂၉၅ ဦးကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်များပေးအပ်ပြီး တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ရရှိသူများက ကတိသစ္စာပြုကြသည်။

အခမ်းအနားသို့ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး စစ်ဆေးရေး) ရှေ့နေ ရှေ့ရပ်ဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်