Skip to main content

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဖြင့်လိုက်ပါမည့် ခရီးသည် အမျိုးသမီး တစ်ဦးထံမှ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာ ၉၈ ခုဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပါဝင်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ထံမှ ဒီတိုနေတာ အခု ၁၀၀၀ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်  ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဖြင့် ထွက်ခွာလိုက်ပါမည့် ခရီးသည် အမျိုးသမီး တစ်ဦးထံမှ အကြမ်းဖက်ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာ ၉၈ ခုဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပါဝင်သူ အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးတို့ထံမှ ဒီတိုနေတာ ၁၀၀၀ ခုထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၀ ရက် နံနက် နာရီ ၂၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးပြည်ပြည်ဆိုင်ရာလေဆိပ်၊ အမှတ်()ထွက်ခွာ X-Ray စက်၌ တာဝန်ကျတပ်ဖွဲ့ဝင်များက ခရီးသည်များအား ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် လေယာဉ်အမျိုးအစား ART-72 ခရီးစဉ်အမှတ် K7-771 ဖြင့် မန္တလေးမြို့မှ ခန္တီးမြို့သို့ လိုက်ပါမည့် ခရီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာနေ မမိုးမြင့်လှိုင်(၂၀)နှစ် () ဦးဟွန်းထိုက်၏ ဂျပ်ဖာဘူးအတွင်းမှ ဖလူဇာဆေးကဒ်များဖြင့် ရောနှောသယ်ဆောင်လာသည့် (SOD- Special Ordinary Detonator) တံဆိပ်ပါဘူးအတွင်းမှ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနီတာ ၉၈ ခု အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မမိုးမြင့်လှိုင်၏ ထွက်ဆိုချက်အရ အဆိုပါဒီတိုနီတာများအား သယ်ဆောင်ခိုင်းခဲ့သည့် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင် ရပ်ကွက်၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ အိမ်အမှတ်(၄၀)နေ မအေးအေးချစ်()ဘုတ်ဆုံ(၃၉)နှစ်  ()ဦးသိန်းချစ်နှင့် သယ်ဆောင်လာသည့် ဒီနေတာများအား လွှဲပြောင်းလက်ခံပေးမည့် ဆင်သေ ကျေးရွာနေ မမိုးမြင့်လှိုင်၏မိခင်ဖြစ်သူ ဒေါ်လောဟွေ()ဒေါ်ကြောင်ဖဟွေ()ဒေါ်တင်သိန်း(၆၃)နှစ် တို့အား ၎င်းတို့၏နေအိမ်အသီးသီးတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထပ်မံဖမ်းဆီးရမိ

ထိုသို့ ထပ်မံဖမ်းဆီးရမိသူ မအေးအေးချစ်()ဘုတ်ဆုံ၏ ထွက်ဆိုချက်အရ ညနေ နာရီခွဲတွင် ၎င်း၏နေအိမ်သို့ ဒီတိုနေတာများ ထပ်မံလာရောက်ပို့ဆောင်သူ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ အမြောက်တန်းဗလီဝင်းနေ  ဦးသိန်းထွန်း(၄၇)နှစ် () ဦးသိန်းမောင် နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ဖြူဝင်း()ဇိုင်တွန်ဘီ(၄၂)နှစ် ()ဦးမြင့်ဦးတို့အား ဒီတိုနီတာကတ်သီး  တစ်ဘူးလျှင် ၁၀၀ ခုစီပါ  ၁၀ ဘူး၊ စုစုပေါင်း ၁၀၀၀ ခုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အရေးယူနိုင်ရေးဆောင်ရွက်

အထက်ပါအကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာများ သယ်ယူ ပို့ဆောင်ခဲ့သည့် ဖမ်းဆီးရမိသူ တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်