Skip to main content

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်သွား ရောက်ဖူးမြော်

ညောင်ရွှေ ဒီဇင်ဘာ ၁၉

ညောင်ရွှေမြို့ ကန်ကြီးပရိယတ္တိစာသင်တိုက်၌ ရောက်ရှိနေသည့် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့်ဇနီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြသည်။

ယင်းနောက် သီတဂူသာသနာပြု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း(၅၀) နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ဆရာတော်ကြီးမှ သြဝါဒစကားနှင့် အနုမောဒနာတရား ဟောကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)