Skip to main content

ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်

နေပြည်တော်   ဒီဇင်ဘာ   ၁၈

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တိုင်းစစ်ဌာန ချုပ်ရှိ ကုန်းမြင့် (၁) စိုက်ပျိုးရေးနှင့်မွေးမြူရေး စံပြစခန်းနှင့် ဘက်စုံစိုက်ပျိုး မွေးမြူရေး ဗဟိုစံပြစခန်းတို့ ကိုလည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အဖွဲ့ဝင်များသည်  တိုင်းစစ်ဌာနချုပ် စံပြဘက်စုံစိုက်ပျိုး မွေးမြူရေး ခြံကိုလည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ  ရာနှုန်းပြည့်ဆောင်ရွက် နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်