Skip to main content

သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကျန်းမာရေးလုပ်ငန်းဆောင်ရွက် နေမှုများ ကြည့်ရှုစစ်ဆေး

သာယာဝတီ ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက သာယာဝတီမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ရောက်ရှိပြီး ကျောင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုအခြေအနေ၊ စာသင်နှစ်အလိုက် သင်ကြားပြသမည့် စာအုပ်များနှင့် မြေအသုံးချရေးဓာတ်ခွဲခန်းတွင် မြေဆီလွှာ ဓာတ်ခွဲ လုပ်ဆောင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ သည် မင်းလှမြို့နယ် အုတ်တွင်း ကျေးရွာအနီး ကွင်းအမှတ်(၉၃၂)၌ ဆည်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးမည့် လယ်မြေ ၁၀ ဧကပေါ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခေတ်မီလယ်ယာသုံး စက်များဖြင့် မျိုးစေ့ချခြင်း၊ စုပေါင်းနွေစပါးထွန်ယက်စိုက်ပျိုးခြင်းကို ကြည့်ရှုစစ်ဆေးပြီး ရွှေဝါမြိုင် စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း၌ ကောက်စိုက်စက် ဖြင့်စိုက်ပျိုးရန် ပျိုးဗန်းများ ပြုလုပ်နေမှုနှင့် ပျိုးဗန်းများပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုပြီး တောင်သူ များအား ဓာတ်မြေဩဇာ အိတ် ၁၅၀ ထောက်ပံ့ပေးသည်။

လိုအပ်သည်များမှာကြား ယင်းနောက်မိုးညိုမြို့နယ်ကျေးလက်လမ်းဦးစီး ဌာနမှ ဆောက်လုပ်နေ သည့် မိုးညိုမြို့နယ် အိုးဘို ကျေးရွာနှင့် ဘုရားကြီးကုန်းကျေးရွာ ဆက်သွယ် သည့် ဘုရားဖြူ ချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်နေမှုကိုလည်းကောင်း၊ လက်ပံတန်းမိုးညို- နတ်တလင်း လမ်း အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်နေမှုကို လည်းကောင်း၊ နတ်တလင်း မြို့နယ် တာပွန်မြို့ တိုက်နယ်ပြည်သူ့ဆေးရုံသို့ လည်းကောင်း၊ နတ်တလင်း - တာပွန်ကားလမ်း ကတ္တရာခင်းရန် ဆောင်ရွက်နေမှုကို လည်းကောင်း၊ နတ်တလင်းမြို့နယ်ပြည်သူ့ဆေးရုံသစ် ဆောက်လုပ် မည့်နေရာသို့ လည်းကောင်း၊ ပြည်မြို့ ခေတ္တရာ ညဈေး ကိုဗစ်-၁၉ ရောဂါသတ်မှတ်စည်းကမ်းချက် များနှင့်အညီ ဖွင့်လှစ်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားကြောင်း သိရသည်။

သတင်းစဉ်