Skip to main content

ပန်းတနော်မြို့နယ် ဗောဓိချောင်းအတွင်း ငါးမျိုးများစိုက်ထည့်

မအူပင် ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ သဘာဝမြစ်ချောင်းအင်းအိုင် များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရေး၊ လူတစ်ဦးချင်း ငါးစားသုံးမှုတိုးတက် စေရေးနှင့်ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပန်းတနော်မြို့နယ် ရွှေလှေ ကျေးရွာအုပ်စု ဗောဓိချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဆန်းဝင်း၊ မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ရင်း တပ်ဖွဲ့များ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များ၊ ရေလုပ်သားများ၊ ဒေသခံပြည်သူများ ပန်းတနော်ငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ် ငါးခုံးမကြီး သားပေါက် ကောင်ရေ နှစ်သိန်းနှင့် ငါးမြစ်ချင်းသားပေါက်ကောင်ရေ နှစ်သိန်းတို့အား ရွှေလှေကျေးရွာအုပ်စု၊ ဗောဓိချောင်း အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်