Skip to main content

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ စုပေါင်းလမ်းလျှောက်ပွဲများပြုလုပ်

နေပြည်တော် ဒီဇင်ဘာ ၁၈

၂၀၂၁ ခုနှစ် ဒီဇင်ဘာအားကစား လ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ ပါဝင် ဆင်နွှဲကြသည်။

ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက သတ်မှတ်နေရာများ၌ စုပေါင်းလမ်းလျှောက်ခြင်းများ ပြုလုပ်ကြသည်။ ထို့နောက် စုရပ်နေရာများ၌ စုပေါင်း ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့် ခန်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်