နေပြည်တော် ဒီဇင်ဘာ ၁၇
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့ရှိ ဝိဇ္ဇာရိယပရိယတ္တိ စာသင်တိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ အလယ်ချောင် ကျေးရွာရှိ မူလတပ်ဦး ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာရှိ မဟာအတုလ ဂုဏ်ရည်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကျောင်းထိုင်ဘုန်းကြီးသင် တန်းကျောင်း၊ ဓနုဖြူမြို့ရှိ နိဂြောဓာရုံပရိယတ္တိစာသင်တိုက်၊ ချင်းပြည်နယ်ဟားခါးမြို့ရှိ မြို့မသာသနာပြုပရိယတ္တိစာသင်တိုက်၊ ဇေတဝန်တောရ စာသင်တိုက်၊ ကျောဘုတ်ထေရဝါဒ သာသနာပြုကျောင်းတိုက်၊ ခွာရုံကျောင်းတိုက်၊ သာသနာ့ရက္ခိတတပ်ဦးကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်ရှိ ရတနာမာရ်အောင်ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြသည်။
ထို့အပြင် ချင်းပြည်နယ်ဟားခါးမြို့၊ မြို့မသာသနာပြုပရိယတ္တိစာသင်တိုက်၊ ဇေတဝန်တောရ စာသင်တိုက်၊ ကျောဘုတ်ထေရဝါဒသာသနာပြုကျောင်းတိုက်၊ ခွာရုံကျောင်းတိုက်နှင့် သာသနာ့ရက္ခိတတပ်ဦးကျောင်းတိုက်များရှိ သံဃာတော်များအား အနောက်မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်