Skip to main content

အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပေါက်မြို့နယ် ကျောက်တိုင်ခင်ကျေးရွာ အနီးရှိ လက်ပံတို(ဖလံကိုင်း)ရေနံမြေမှ ရေနံစည်ပေါင်း ၁၂၀၀၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံး

နေပြည်တော် ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျောက်တိုင်ခင်ကျေးရွာအနီးရှိ လက်ပံတို(ဖလံကိုင်း) ရေနံမြေမှ ရေနံမြေသံကန်တန်း အမှတ်(၂)ရှိ ရေနံသိုလှောင် ကန်အား ဒီဇင်ဘာ ၁၆ ရက် ည ၁၀ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရေနံမြေမှတာဝန်ရှိသူများက မီးသတ်ယာဉ် နှစ်စီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သဖြင့် ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ရေနံစည်ပေါင်း ၁၂၀၉၂ စည်နှင့် သံကန်များ (ခန်မှန်းတန်ဖိုးငွေကျပ် ၇၅၇၄ သိန်းခန့်) မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်