Skip to main content

စာပေဗိမာန် စာအုပ်အသင်း စာအုပ်ဖြန့်ချိ

နေပြည်တော် ဒီဇင်ဘာ ၁၄

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် စာအုပ်အသင်းက စာပေဗိမာန်စာမူဆု၊ လူငယ်စာပေ ဒုတိယဆုရ “ကေတုမောင်ညိုလင်း” ရေးသားသည့် “စစ်တောင်းမြစ်ကမ်းနံဘေးက လူငယ်ဘဝလေးများ” စာအုပ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအသင်းပေး စာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးများမှတစ်ဆင့် လည်းကောင်း၊ စာတိုက်မှတစ်ဆင့်လည်းကောင်း ပေးပို့လျက်ရှိသည်။

စာပေဗိမာန်စာအုပ် အသင်းဝင်လိုပါက အတွင်းရေးမှူး၊ စာပေဗိမာန်စာအုပ်အသင်းအမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ ဖုန်း-၀၁၂၄၉၀၃၁၊ ၃၈၁၄၄၈ တို့သို့လိပ်မူ၍ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်