နေပြည်တော် ဒီဇင်ဘာ ၁၄
ပြည်ကြီးတံခွန် မြို့နယ်တွင် ငွေကျပ်သိန်း ၇၉၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းထားသည့် အဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် ည ၈ နာရီခွဲတွင် ပြည်ကြီးတံခွန် မြို့နယ် ၆၂ လမ်း ၁၃၉(B)လမ်းနှင့် ၁၃၉(C)လမ်းကြားတွင် ရပ်တန့် မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်မောင်း သန့်ဇင်ဦး (၂၆)နှစ်၊ မိုးဟိန်း (၂၄) နှစ်တို့နှင့်အတူ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၇၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၂၉ ကီလို၊ ဘိန်းဆီခဲ ၈ ဒသမ ၇ ကီလို၊ အိုက်စ် (မက်သ်အဖက် တမင်း) ၁ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၇၂၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးဖော် ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်တောင်ပိုင်းမှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်