နေပြည်တော် ဒီဇင်ဘာ ၁၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ လယ်ကုန်း (အနောက်)ရပ်ကွက်နေ လင်းအောင်(ခ) ဇော်မင်းလတ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၅၅ ပြားနှင့် ဘိန်းဖြူ သုည ဒသမ ၀၀၄၂ ကီလိုတို့ကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့ အမှတ်(၃) ရပ်ကွက် လမ်းမတော်လမ်း ဗိုလ်ချုပ်ပန်းခြံရှေ့၌ ကိုကြီးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား