Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်   ဒီဇင်ဘာ   ၁၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိတင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၅)ခု၊ ယာဉ်စီးရေ (၂၁) စီးဖြင့် အောက်ဆီဂျင်(အိုးခွံ) (၂၃၈၀)၊ PPE ဝတ်စုံ (၁၁၅၄၀)၊ လက်အိတ် (၆) တန်နှင့် နှာခေါင်းစည်း (Mask) (၁၃၄)တန်တို့ကို တင်သွင်းခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်းသိရသည်။ 

(သတင်းစဉ်)