ရန်ကုန် ဒီဇင်ဘာ ၁၄
ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ Lotte Hotel ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ကာတာနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုစတင်ဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကာတာနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Mansoor Mubarak Al-Khayarin တို့ကကာတာနိုင်ငံ အမျိုးသားနေ့အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကာတာနိုင်ငံ သံရုံးယာယီ တာဝန်ခံတို့သည် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာ ကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့တက်ရောက်လာကြသူများအား ကာတာနိုင်ငံ သံရုံးယာယီတာဝန်ခံက ဂုဏ်ပြုစားပွဲဖြင့်တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
(သတင်းစဉ်)