Skip to main content

တက္ကသိုလ်များ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်

မြစ်ကြီးနား ဒီဇင်ဘာ ၁၃

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဗန်းမော်ခရိုင်အတွင်းရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမ သစ်လွင်များနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး ကဏ္ဍသည် အရေးကြီးသည့် အဓိကအခန်းကဏ္ဍ တစ်ခုဖြစ်သည့်အပြင် အတွေးအခေါ်၊ အမြော် အမြင်၊ ဆင်ခြင်တုံတရား၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် သာယာဝပြောရေး အားလုံး၏ အခြေခံလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်ပေးနေသော တက္ကသိုလ်များသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့် အတွက် တက္ကသိုလ် များ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာစေရေးကို အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဗန်းမော်တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးတို့က ကျောင်းဆိုင်ရာအချက်အလက်များနှင့်လိုအပ်ချက် များကို တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က တက္ကသိုလ်များနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းတို့အတွက် ထောက်ပံ့ ငွေကျပ်ငါးသိန်းစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် သိန်း ၂၀ ကို ပေးအပ်ပြီး (အပေါ်ပုံ) တက္ကသိုလ်များ၏ လိုအပ်ချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးကာ တက္ကသိုလ်ဝင်းအတွင်း တည်ဆောက်လျက်ရှိသော စာကြည့်တိုက်၊ စာသင်ဆောင်နှင့် ဘောလုံးကွင်း ပွဲကြည့်စင် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့်တက္ကသိုလ်ဝင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ညောင်ပင်ရပ်ကွက်ရှိ အလက-၃ ကျောင်းအတွင်း ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းများမှ အိမ်ထောင်စုများအား ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေကို လှည့်လည်ကြည့်ရှုအားပေးကာ ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် ကာကွယ် ဆေးထိုးရန်လာရောက်သူများအား နှာခေါင်းစည်း များဖြန့်ဝေပေးပြီး ကျောင်းခန်းမ၌ ဗန်းမော်မြို့ ၊ အတွင်းရှိ IDPs စခန်းငါးခုမှ အိမ်ထောင်စုများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကား ပြောကြားပြီး စခန်းငါးခုမှ တာဝန်ခံများ၏ လိုအပ် သည်များ တင်ပြမှုအပေါ် ဖြေရှင်းဆောင်ရွက် ပေးခဲ့ကာ အိမ်ထောင်စုများအတွက် ဆန်အိတ် ၁၀၀၊ ခေါက်ဆွဲ ဖာ ၁၀၀ နှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ထိုမှတစ်ဆင့် ဗန်းမော်မြို့ သူနာပြုသင်တန်း ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြု သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြား ကာခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် သူနာပြု သင်တန်းကျောင်းအုပ်ကြီးတို့က လုပ်ငန်းဆောင်ရွက် မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအတွက်ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် သင်တန်းကျောင်း အတွက် ထောက်ပံ့ငွေကျပ် ငါးသိန်း ပေးအပ်ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)