ကျွန်တော်ကတော့ မန္တလေး PDF မှ အောင်နိုင်မြင့်ဖြစ်ပါတယ်။ ချမ်းမြသာစည် မြို့နယ်မှာ နေပါတယ်။ ကျွန်တော့်အနေနဲ့ မန္တလေး PDF အဖွဲ့ခေါင်းဆောင်တွေရဲ့ စေခိုင်းချက်အရ ကျွန်တော်က ဒလန်ရှင်းလင်းရေးတွေမှာ အဓိကထားပြီး လုပ်ဆောင်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့ အခါမှာ ကျွန်တော်တို့က အဓိကအားဖြင့် အုပ်ချုပ်ရေးမှူးရုံးတွေ၊ နိုင်ငံဝန်ထမ်းလုံခြုံရေးပေးတဲ့ အဓိကအဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်း ရပါတယ်။ ဒီလို လုပ်ဆောင်ဖို့အတွက်ကို နယ်မြေ အတွင်းထဲမှာ အဖွဲ့တွေခွဲပြီးတော့ အခြေအနေပေးရင်ပေးသလို ကျွန်တော်တို့ လုပ်ဆောင်ရတာ ပါခင်ဗျ။
လုပ်ကြံသတ်ဖြတ်
ဒီနေ့မှာတော့ ကျွန်တော်တို့အဖွဲ့က သူနာပြုဆရာမဖြစ်တဲ့ ဒေါ်ချမ်းမြငြိမ်းနဲ့ သူ့ယောကျာ်းကို လုပ်ကြံခဲ့တာပါခင်ဗျ။ အဓိကအဖွဲ့ကတော့ ကိုတေမိ၊ ရဲရဲ၊ ပါကျဲ တို့သုံး ဦးပေါင်းပြီး လုပ်ခဲ့ကြတာပါ။ အောင်ပင်လယ် ဘက်မှာတော့ သံဃာတော်နဲ့အတူ ဆွမ်းခံကြွချိန်လိုက်ပါလာတဲ့ ပရဟိတလုပ်တဲ့ ကိုဇော်စိုင်းဝင်းကို ကိုဖြိုးဝေအောင်၊ ကိုနိုင်မင်းထွေး တို့က လုပ်ကြံခဲ့တယ်လို့ သိရပါတယ်။ ပြည်ကြီးတံခွန်ဘက်မှာတော့ အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းဟန်လည်း မနက်က ရှမ်းခေါက်ဆွဲ စားနေချိန် နဂိုကတည်းကစောင့်ဆိုင်းနေတာပါကျွန်တော်တို့က ကိုသက်ပိုင်သူ၊ ကိုသိန်းသန်းအောင်တို့က ဝင်ရောက် ပစ်ခတ် သတ်ဖြတ်ခဲ့တာပါ။
ဒလန်ရှင်းလင်းရေးအစီအမံ
မြို့တွင်းပစ်ခတ်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမြို့ လမ်းဆုံ၊ လမ်းခွတွေမှာ ပိတ်ဆို့ရှာဖွေနေချိန်မှာ ကျွန်တော့်ကို ဖမ်းဆီးရမိခဲ့တာပါ။ ဒီလို ဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော့်ဖုန်းကို စစ်တဲ့အခါမှာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေ၊ လုံခြုံရေးအဖွဲ့ဝင်တွေ၊ ဒလန် ရှင်းလင်းရေး အစီအမံတွေကို လုံခြုံရေးအဖွဲ့ဝင်တွေက ဖော်ထုတ်တွေ့ရှိ ခဲ့ပါတယ်။ စစ်ဆေး ချက်အရ ကျွန်တော်တို့ PDF အဖွဲ့ဝင် နေရာတွေကို လိုက်ပြဖို့ပြောတာကြောင့် အောင်ပွဲခံတဲ့နေရာကို ကျွန်တော်ကိုယ်တိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့အတူ လိုက်ပြပေးခဲ့ပါတယ်။
ကျွန်တော်တို့အဖွဲ့တွေ ၆၁ လမ်း X ၆၂ လမ်း၊ ၄၂ လမ်းကို ရောက်ရှိခဲ့တဲ့အခါမှာ ဝင်ရောက် ဖမ်းဆီးခဲ့တဲ့အခါမှာ နေအိမ်အတွင်းကနေ သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပြန်လည်ပစ်ခတ် ခဲ့ပါတယ်။ အဲဒီအခါမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ပြန်လည်ပစ်ခတ်ဖမ်းဆီး ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦး လည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။ PDF အဖွဲ့ဝင် ရှစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့အဖွဲ့ရဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့ မိသားစုဝင်တွေ ပူဆွေးသော ကရောက်ခဲ့သလိုပဲ ကျွန်တော်တို့လည်း ကံ၊ ကံ၏အကျိုးခံစား နေရတယ်လိုပဲ မှတ်ယူပါတယ်။ ကျွန်တော်တို့ ဘဝနဲ့ယှဉ်ပြီးတော့ ရခဲ့တဲ့သင်ခန်းစာတွေက PDF အဖွဲ့တွေကို ပြောချင်တာကတော့ ဥပဒေရဲ့အကာအကွယ်ဟာ ပြည်သူတွေအတွက် အလုံခြုံဆုံးပဲ လို့ပြောချင်ပါတယ်ခင်ဗျ။