Skip to main content

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၃

၂၀၂၁  ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် (၄၇)နှစ်မြောက် ရခိုင်ပြည် နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဝင်္ကဘာကွင်း၌ ပြုလုပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျင်ဒိုင်အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ရခိုင်ရိုးရာကျင်ကိုင် ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့က ရခိုင်ရိုးရာ တေးသီချင်းယိမ်း အကတို့ဖြင့်ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။

ရခိုင်ရိုးရာကျင်ကိုင်ပွဲကို ရွှေမောင်းတန်းနှင့် ငွေမောင်းတန်းအလိုက် ပြိုင်ပွဲအမျိုး အစား ၂ မျိုးဖြင့် ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်အတွင်း မြို့နယ်အသီးသီးမှ ကျင်သန်ကြီးများ ပါဝင်ယှဉ်ပြိုင် လျက်ရှိရာ ရွှေမောင်းတန်းတွင် ပြိုင်ပွဲဝင်ကျင်သန် ၄၀ ဦး၊ ငွေမောင်းတန်းတွင် ပြိုင်ပွဲဝင်ကျင်သန် ၃၂၀ ဦးတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲ ကို ကိုဗစ် ၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဒီဇင်ဘာ ၁၅ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်၏