နေပြည်တော်၊ ဒီဇင်ဘာ - ၁၃
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ဧရာဝတီ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် ပါဝင်ကူညီဆောင်ရွက် ပေးခဲ့ကြသည့် ပုသိမ်မြို့နယ်မြေခံဆေးတပ် ရင်းနှင့် ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံတို့မှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များ နှင့် သူနာပြုများအား တိုင်းမှူးက ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်