Skip to main content

သွေးချင်းတို့ရဲ့ ပွဲတော်ဆီမှသည်

ပြင်းပြသော အလိုဆန္ဒသည် အောင်မြင်ပြီးမြောက်ရန်အတွက် လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ကြီးမားထက် သန်ပြင်းပြသောဆန္ဒက အထွတ် အထိပ်သို့ရောက်ပြီး အကြီးအမှူးပြုသည့်အခါ မည်မျှခက်ခဲသည့် အလုပ်ပင်ဖြစ် စေကာမူ အောင်မြင်ပြီးမြောက်နိုင်စေမည့် စွမ်းအား တန်ခိုးသတ္တိကိုထွက်ပေါ်လာသည်။ ဗုဒ္ဓမြတ်စွာဘုရားက “ဆန္ဒဂတော ကိ' နာမကမ္မံ နသိဇ္ဇတိ” ဆန္ဒကြီးမား ပြင်းပြသူအတွက် မပြီးမြောက် နိုင်သော အလုပ်ဟူသည်မရှိ ဟူ၍ ဟောကြားတော်မူခဲ့သည်။

ဘဝတွင် အောင်မြင်လိုသူတစ်ဦးသည် အောင်မြင်လိုသည့် ဆန္ဒအဓိပတိ ကပ်လာသည့်အခါ မုချမသွေ အောင်မြင်မည်သာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရန်မှာလည်း နိုင်ငံကို ဦးဆောင် သူနှင့် နိုင်ငံသူ နိုင်ငံသားတို့၏ ဖွံ့ဖြိုးတိုးတက်လိုသည့်ဆန္ဒ ပြင်းပြ စွာဖြင့် မဖြစ်မနေ ဦးထမ်းပဲ့ထမ်း ဆောင်ရွက်ကြပါက ဖွံ့ဖြိုးတိုးတက် လာရမည်သာဖြစ်သည်။

“ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ ဆွေးနွေးပွဲတွေ၊ အခမ်းအနားတွေမှာ အမြဲပြောဆိုတဲ့ စကားရှိပါ တယ်။ ဒါကတော့ ဆန္ဒ' ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိုလိုချင်ရင် ငြိမ်းချမ်းရေးကို လိုချင်တဲ့ စစ်မှန်တဲ့ဆန္ဒ ရှိရမှာဖြစ်ပါတယ်။ ဒီလိုပါပဲ၊ ကိုင်းပြည် ကို ဖွံ့ဖြိုးတိုးတက်စေလိုတယ်၊ သာယာဝပြောစေလိုတယ်ဆိုရင် ဖွံ့ဖြိုး တိုးတက်သာယာဝပြောလိုတဲ့ ဆန္ဒနဲ့ လုပ်ဆောင်ချက်တွေ ရှိရပါမယ်။ ဒီဆန္ဒ၊ သဘောထားနဲ့ ကျွန်တော်တို့ရဲ့ တစ်ပေါင်း တစ်စည်းတည်း စုပေါင်းဆောင်ရွက်မှုတွေရှိလာရင် ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့လူမျိုးအတွက် မဖြစ်နိုင်စရာဆိုတာ မရှိဘူးဆိုတာ ကိုဗစ်-၁၉ ရောဂါကကိယလှိုင်းကို ကျွန်တော်တို့ဘယ်လိုကျော်လွှား ခဲ့ကြသလဲ ဆိုတာက ထင်ရှားတဲ့သက်သေဖြစ်ပါတယ်။” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၁) ပွဲတော်ဖွင့်ပွဲအခမ်းအနား၌ အမှာစကား ပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့ရာ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုနိုင်ငံကြီး တည်ဆောက်ရာတွင် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်သော ထက်သန်ပြင်းပြသည့် ဆန္ဒထားရှိကြရေး အတွက် တိုက်တွန်းခဲ့ခြင်း ပင်ဖြစ်သည်။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံကြီးဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးဟူသည် ၁၃၅မျိုးသောတိုင်းရင်းသားလူမျိုးများအားလုံး ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်သည်။ ပြည်နယ်အား လုံးနှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်သည်။ ယင်းသို့ ဖွံ့ဖြိုးတိုး တက်စေရန် တူညီသောဆန္ဒများ၊ ထက်သန်ပြင်းပြစွာဖြင့် အားထုတ်ကြိုးပမ်း လုပ်ဆောင်ကြရန်လိုသည်။ တိုင်းဒေသကြီး တစ်ခုစီ၊ ပြည်နယ် တစ်ခုစီက ပြင်းထန်သော ဆန္ဒများဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းကြရမည်ဖြစ်သကဲ့သို့ ပြည်ထောင်စုကြီးတစ်ခုလုံးအနေ ဖြင့်လည်း တစ်ပေါင်းတစ်စည်းတည်းသော ထက်သန်သည့် ဆန္ဒဖြင့် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်သည်။

"သွေးချင်းတို့ရဲ့ ပွဲတော်ဆီ”အမည်ရှိ ပွဲတော်များက တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တစ်နှစ်တစ်ခါ ဆုံတွေ့ခွင့်ရကြသည့် အခွင့်အရေးတစ်ခုဖြစ်သည်။ ချစ်ကြည်သွေးစည်းမှုနှင့် ပြည်ထောင်စု စိတ်ဓာတ်တို့ ရှင်သန်ခိုင်မြဲ စေရေးအတွက် ကြီးစွာအထောက်အကူ ဖြစ်စေသည့် ပွဲတော်လည်းဖြစ်သည်။ တိုင်းရင်းသားတို့၏ စီမံခန့်ခွဲမှု၊ နိုင်ငံတော်၏ ကူညီပံ့ပိုးမှုတို့ဖြင့် ရှေ့တွင် နှစ်ကြိမ်ကျင်းပနိုင်ခဲ့ပြီး သော ပွဲတော်တို့မှာ အောင်မြင် စည်ကားသိုက်မြိုက်ခဲ့သလို ကိုဗစ်၁၉ ကူးစက်မြန် ကပ်ရောဂါကြောင့် ရုပ်သံပွဲတော်အဖြစ် ကျင်းပရ သည်။ ယခုတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၁)သည် လည်း ပွဲတော်၏ အနှစ်သာရပြည့်ဝစွာဖြင့် ပွဲတော်ကျင်းပ ရသည့် ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်မည်ဟု ယုံကြည်မိသည်။

အောင်မြင်ရေးအတွက် ဆန္ဒာဓိပတိက ဦးဆောင်သည်။ သွေးချင်းတို့ရဲ့ ပွဲကော်ဆီမှသည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ထွန်း ပေါ်ပေါက်စေသည်အထိ ဆန္ဒာဓိပတိက ဦးဆောင်သွား မည်ဟုလည်း မမှိတ်မသုန် ယုံကြည်ပါကြောင်း။ ။

(မြန်မာ့အလင်း အယ်ဒီတာ့အာဘော်)