Skip to main content

ဖြောင့်မတ်တည်ကြည် ယဉ်ကျေးမှုတည်ဆောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ သည့် လူ့အဖွဲ့အစည်း အတွင်း အဂတိလိုက်စားမှုကိုလက်မခံတဲ့ ဖြောင့်မတ်တည်ကြည်မှုရှိတဲ့ ယဉ်ကျေးမှု တစ်ရပ် ဖြစ်ထွန်းလာစေဖို့အတွက် ပြည်သူလူထုတစ်ဦးချင်းစီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာပါဝင်မှသာ မိမိလုပ်ငန်းခွင်၊ မိမိနေထိုင်ရာလူမှု ပတ်ဝန်းကျင်ကို ရိုးသားဖြောင့်မတ်မှုနဲ့ အဂတိကင်းစင်သော လူမှုအသိုက်အဝန်း တစ်ခု တည်ဆောက် နိုင်မှာဖြစ်ပါတယ်” ဟူသည့်အချက်ကို မှတ်သားရသည်။

အဂတိလိုက်စားမှုသည် လူမှုဘဝပတ်ဝန်းကျင်နယ်ပယ်အသီးသီးတွင် နှစ်ပေါင်းရှည်ကြာ အမြစ်တွယ်လာသော မရိုးသား သည့် အမှုကိစ္စအမျိုးမျိုးဖြစ်သည်။ အများပြည်သူအကျိုးစီးပွားဆောင်ရွက်ရန် ယုံကြည်စွာအပ်နှင်း ထားသောလုပ်ပိုင် ခွင့်အာဏာကို အသုံးချပြီး မိမိအကျိုးစီးပွားအတွက် အလွဲသုံးစားပြုလုပ်ခြင်း ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းအား လုပ်ပိုင်ခွင့်၊ ချင့်ချိန်နိုင်ခွင့် အလွန်အကျွံအပ်နှင်း ထားခြင်း၊ ချင့်ချိန်နိုင်မှု လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ ရှုပ်ထွေးသည့် စည်းမျဉ်းစည်းကမ်း များချမှတ်ထားခြင်း၊ ချင့်ချိန်ဆောင်ရွက်မှုကို ထိရောက်စွာ စောင့်ကြည့်စစ်ဆေး သည့် နည်းလမ်းစနစ်များမရှိခြင်း၊ မိမိတို့၏ဆုံးဖြတ်ချက်အတွက် တာဝန်ယူမှု မရှိခြင်းတို့သည် အဂတိလိုက်စားမှုကို ပိုမိုဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။

အဂတိလိုက်စားမှုသည် ဌာနဆိုင်ရာအဖွဲ့ အစည်းများအတွင်း ဖြစ်ပွားလေ့ရှိပြီး ဖြစ်ပွားလာသော အဂတိလိုက်စား မှုများကို ခေတ်အဆက်ဆက်အစိုးရများက အလေးထားတိုက်ဖျက်ခဲ့သည်ကို တွေ့ရသည်။ အဂတိလိုက်စားမှု သည်ဌာနဆိုင်ရာ အတွက်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ဘက်ပေါင်းစုံမှ ထိခိုက်စေသည့်အတွက် အစိုးရဌာန၊ အဖွဲ့အစည်းများအတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များကို စနစ်တကျဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိသည့် အပြင် နိုင်ငံတော်အတွင်း အဂတိလိုက်စားမှုကြီး များကို ဖော်ထုတ်ပြီး ဘက်လိုက်မှု မရှိဘဲ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေသည်ကိုတွေ့ရသည်။ ထိုသို့ ဆောင်ရွက်နေမှုကြောင့် အဂတိလိုက်စားမှုများမှာ ယခင်ထက်စာလျှင် ပိုမိုလျော့ကျ သွားမည်ဟု ယုံကြည်သည်။ 

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကို ထိရောက်စွာဆောင်ရွက်ရ မည်ဖြစ်သည်။ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားရေး တာဝန်အဖြစ် အားလုံးပါဝင်ဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူပေါင်းကူးတံ တားသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သောကြောင့် နိုင်ငံ့ဝန်ထမ်း များနှင့် အဖွဲ့ အစည်းများ အတွင်း ကျင့်ဝတ်သိက္ခာ စောင့်ထိန်းခြင်းနှင့်အများ ယုံကြည်လေးစားမှုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ် သည်။ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းစင်ပြီး ကျင့်ဝတ်စည်းကမ်းများနှင့်အညီ လိုက်နာကျင့်ကြံနေထိုင်ပါလျှင် အများပြည်သူတို့၏ ယုံကြည်လေးစားအားထား မှုကို ရရှိမည်ဖြစ်သည်။

“ အဂတိလိုက်စားမှုကို ငွေကြေးတံစိုးလက်ဆောင်ရယူခြင်းကိုသာ ထင်သာ မြင်သာအားဖြင့် ဆိုလောက်သော် လည်း မြန်မာမှုနယ်ပယ်တွင် အဂတိတရား လေးပါးတွင် တစ်ပါးမျှ မကျူးလွန် မိရန်အရေးကြီးသည်။ အဂတိတရား လေးပါးသည် ကျယ်ပြန့် နက်ရှိုင်းပြီး နိုင်ငံတော်အတွက် အလွန်အရေးကြီးသဖြင့် အထူး အလေးအနက် ထားရန်လိုအပ်ပါသည်။ ဆန္ဒာဂတိ - ချစ်သည်ဖြစ်၍ ဘက်မလိုက်သင့် သည်ကိုလိုက်၍ မပြုလုပ် သင့် သည်ကို ပြုလုပ်မိခြင်း၊ ဒေါသာဂတိ - မုန်းသည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကိုလိုက်၍ မပြုလုပ်သင့် သည်ကို ပြုလုပ်မိခြင်း၊ ဘယာဂတိကြောက်သဖြင့် ဘက်မလိုက်သင့်သည်ကိုလိုက်၍ မပြုလုပ်သင့် သည်ကို ပြုလုပ်မိ ခြင်း၊ မောဟာဂတိ - တွေဝေသဖြင့် ဘက်မလိုက်သင့်သည်ကိုလိုက်၍ မပြုလုပ် သင့်သည်ကို ပြုလုပ်မိခြင်း ဟူသည် ဤလေးမျိုးကျူးလွန်မိလျှင် နိုင်ငံတော်ပျက်စီး ထိခိုက်သည်အထိ ဖြစ်ပေါ်စေနိုင်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းအပြင် စိတ်ဓာတ်ပျက်စီးခြင်း၊ ဖြစ်စေနိုင်သည့် အဂတိလေးပါး မပျက်ယွင်း အောင်ကြိုးပမ်းဆောင်ရွက်ဖို့လိုမည် ဖြစ်သည်။ ချစ်ခြင်း၊ မုန်းခြင်းဆိုသည့် အစွန်းတရား နှစ်ပါးကို ရှောင်ရှားပြီး အားလုံး အပေါ်တွင် တရားမျှတစွာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ချစ်ခြင်း၊ မုန်းခြင်းသည် စည်းလုံးညီညွတ်မှုကို ပျက်စီးစေနိုင်ပြီး လူမှုအသိုက်အဝန်းအဖွဲ့အစည်းအတွင်း သာမက တိုင်းပြည်အတွင်း ပျက်စီးခြင်းပင်ဖြစ်စေနိုင်ပါသည်။ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် အစိုးရအဖွဲ့အစည်း အတွင်းတွင်သာမက ပြည်သူလူထုတစ်ရပ် လုံးပါ ပါဝင်နားလည်လက်ခံနိုင်ဖို့လိုပါသည်။ ဝန်ထမ်းအဖွဲ့အစည်း များအပြင် နိုင်ငံရေးအဖွဲ့ အစည်းများတွင်လည်း အဂတိလေးပါးကင်းရှင်းရေးသည် အလွန် အရေးကြီးသော အချက်ဖြစ်သည်။

သို့ဖြစ်ရာ လူ့အဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှုကို လက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းလာစေရန်အတွက် ပြည်သူလူထုတစ်ဦးချင်းစီ အဂတိလိုက် စားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် နားလည်ပါဝင်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

(ကြေးမုံအယ်ဒီတာ့အာဘော်)