Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှတင်သွင်းရာ ကုမ္ပဏီ (၂)ခုမှ ယာဉ်စီးရေ (၅)စီးဖြင့် နှာခေါင်းစည်း Mask (၃၇) တန် တင်သွင်းခဲ့သည်။    

ဒီဇင်ဘာ (၁)ရက်မှ (၁၁) ရက်အတွင်း ကုမ္ပဏီ (၃၅)ခုမှ ယာဉ်စီးရေ (၇၇)စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်ဖြင့် (၁၈၅)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၄၉၂၀)၊ Oxygen Plant(၁)ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၅၁၄)ခုနှင့် နှာခေါင်းစည်း (Mask) (၃၉၄) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

ဒီဇင်ဘာ (၁)ရက်မှ (၁၁)ရက်အတွင်း ပြည်ပမှတင်သွင်းသည့် အောက်ဆီဂျင် အရည် (Bowser) ယာဉ်စုစုပေါင်း (၁၀) စီးမှာ ရန်ကုန်မြို့သို့ (၇)စီး၊ မန္တလေးမြို့သို့ (၂)စီးနှင့် မုံရွာမြို့သို့ (၁) စီးဖြစ်ပြီး၊ Oxygen Plant(၁) ခုမှာ မန္တလေးမြိုသို့ ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များ ကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားပါကြောင်းသိရသည်။ 

(သတင်းစဉ်)