နေပြည်တော် ဒီဇင်ဘာ ၁၀
ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ်သိန်း ၂၃၀၀ ကျော် တန်ဖိုးရှိ ဓာတုဆေးရည်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီတွင် ကွတ်ခိုင်မြို့နယ် မန်ယိန်းကျေးရွာအနီး ရပ်တန့်ထားသည့် UD Nissan ၁၂ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်မောင်း မျိုးမင်းသန့်(ခ) ဒိုးလုံး(၃၁)နှစ်၊ ဝေဖြိုးအောင် (ခ)ဝေဖြိုး (၁၉)နှစ်နှင့် ဇော်ငြိမ်းထွန်း (၃၆)နှစ် တို့ကို တွေ့ရှိပြီး ယာဉ်ပေါ်တွင် တရား မဝင်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း၂၃၀၀ကျော် တန်ဖိုးရှိ ဓာတုဆေးရည် Sulfurous Dichloride လီတာ ၆၈၀၀နှင့် Dimethyl sulfate လီတာ ၄၂၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး ဓာတုဆေးရည်များကို တာဝန်ခံသယ်ဆောင်လာသည့် ကျော်စိုး(၅၀)နှစ်နှင့် ဝေလွင် (၅၈) နှစ်တို့ နှစ်ဦးကို အဆိုပါနေရာအနီးတွင် ရပ်ထားသည့် Mark-ll အမျိုးအစား မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ကို ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်