နေပြည်တော် ဒီဇင်ဘာ ၁၀
NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်း ရေးဦးတည်ချက်များဖြင့် အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း၊ ပုံစံမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။
ဆန္ဒဖော်ထုတ်
ထိုသို့ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်သော အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဉပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့တပ်မတော်အား ထောက်ခံပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ အမျိုးဘာသာ သာသနာကိုစောင့်ရှောက်သော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ NUG CRPH PDF အကြမ်းဖက်သမားအလိုမရှိ၊ NUG CRPH PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုစိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်းရေး ပြည်ပဖြည့်စွက်မှုအလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလုပ်ငန်းစဉ် (၅) ရပ်အား ထောက်ခံပါသည်၊ ဒီမိုကရေစီ အရေခြုံ ကွန်မြူနစ်လုပ်ရပ် ကျဆုံးပါစေ၊ NUG PDF အကြမ်းဖက်မှု အမြစ်ဖြတ်၊ NUG၊ PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ်” စသည့် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။
အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင် NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ရွံရှာစက်ဆုပ်ကြသည့် ပြည်သူလူထုက အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်