နေပြည်တော် ဒီဇင်ဘာ ၉
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများ မှနှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် ချင်းရွှေဟော် ကုန်သွယ် ရေးစခန်း တို့မှ ကုမ္ပဏီ(၂)ခု၊ ယာဉ်စီးရေ(၆)စီး ဖြင့်အောက်ဆီဂျင် (အိုးခွံ) (၄၇၀)နှင့် နှာခေါင်းစည်း (Mask) (၄၃) တန်တို့ကို တင်သွင်းခဲ့ကြောင်းသိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOPများနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေး လျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့်အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။
သတင်းစဉ်