ရန်ကုန် ဒီဇင်ဘာ ၇
သူနာပြု (၄) ကျောထောက်နောက်ခံပြု အလုပ်သင်အဆင့် (ဆေးစပ်) (၆)လ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ လူမှူဖူလုံရေးအဖွဲ့ အလုပ်သမား ဆေးရုံကြီး (ရန်ကုန်) တွင် ပြုလုပ်သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးတိုင်းဒေသကြီး တာဝန်ခံအရာရှိက အဖွင့်အမှာစကား ပြောကြားပြီး အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ဆေးရုံအုပ်ကြီးက သင်တန်းတွင်သင်ကြားမည့် အကြောင်း အရာများကို ရှင်းလင်းပြောကြားသည်။
ဒီဇင်ဘာ ၆ ရက်မှ စတင်ကာ ၆ လတိုင် ဖွင့်လှစ်မည့် အဆိုပါ သင်တန်းသို့ သင်တန်းသား (၁၇) ဦး တက်ရောက် မည်ဖြစ်ပြီး သင်တန်းနည်းပြများဖြင့် စနစ်တကျ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)