Skip to main content

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် မြို့ပြ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်မြို့တော်ဝန်သည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်အိမ်ရာဝင်း အတွင်း မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ကြီးကြပ်၍ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး၊ ပုဇွန် အမျိုးမျိုးတို့ကို ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှု၊ ရန်ကင်းမြို့နယ်၊ (၁၁) ရပ်ကွက်၊ ကံဘဲ့ဘူတာရုံလမ်းရှိ ဆည်မြောင်းချောင်းအတွင်း အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု) က အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်း နေမှုနှင့် ဆည်မြောင်းချောင်း၏ ဝဲ/ယာ မြေထိန်းနံရံ ပြုလုပ်နေမှု၊ ရန်ကင်းမြို့နယ်၊ (၁၁) ရပ်ကွက်နှင့် (၁၂) ရပ်ကွက်ကြားရှိ ကံဘဲ့ဘူတာရုံဈေး ရောင်းဝယ် ဖောက်ကားနေမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် Mask Campaign ဆောင်ရွက်နေမှုနှင့် ကမာရွတ်မြို့နယ် လှည်းတန်း ခုံးကျော်တံတားနှင့် ဟံသာဝတီအဝိုင်းအကြား ပြည်လမ်းတစ်လျှောက် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က ဆောင်ရွက်နေသည့် ကတ္တရာကွန်ကရိ (AC) ခင်းကျင်း နေမှုတို့ကို  ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)