Skip to main content

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

နေပြည်တော်  ဒီဇင်ဘာ  

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ဆေးများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင်ဆေးတစ်လုံးလျှင် လူ ဦးထိုးနှံနိုင်သည့် Sinopharm  ကာကွယ်ဆေးနှင့် လူ ဦး ထိုးနှံနိုင်သည့် Sinovac ကာကွယ်ဆေးများကို ရခိုင်ပြည်နယ် စစ်တွေမြို့သို့ Sinopharm  ဆေး ၉၅၀၀ လုံး၊ သံတွဲမြို့သို့ Sinopharm  ဆေး ၆၅၀၀ လုံး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ Sinopharm  ဆေး ၆၀၀၀ လုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ Sinopharm  ဆေး ၁၄၀၀၀ လုံး၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ Sinovac ဆေး 791 လုံးနှင့် Sinopharm  ဆေး ၁၄၁၆၀ လုံး၊ မြိတ်မြို့သို့ Sinovac ဆေး ၃၆၃၆ လုံးနှင့် Sinopharm  ဆေး ၂၈၀၀၀ လုံး၊ ကော့သောင်းမြို့သို့ Sinovac ဆေး ၉၇၁ လုံးနှင့် Sinopharm  ဆေး ၅၈၄၀ လုံး တို့ကို တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်