Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ နှစ်သစ်ကူးအကြိုစုပေါင်းသွေးလှူဒါန်း

နေပြည်တော် ဒီဇင်ဘာ

ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ နှစ်သစ်ကူးအကြို စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ အမှတ်()တပ်မတော် ဆေးရုံကြီး (ခုတင်၁၀၀၀) ကျင်းပသည်။

အားပေးစကားများ ပြောကြား စုပေါင်းသွေးလှူဒါန်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး သွေးလှူဒါန်းခဲ့ကြသောဝန်ထမ်းများနှင့် မိသားစုဝင်များအား အားပေးစကားများ ပြောကြားကြသည်။

စုပေါင်းသွေးလှူဒါန်း အဆိုပါ သွေးလှူဒါန်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ သွေးလှူရှင် ၇၇ ဦး စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်