တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့သည့် ခေတ်အဆက်ဆက်မှ ကျဆုံးစစ်သည်များအား အောက်မေ့ဖွယ်ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်း (အဋ္ဌမ) အကြိမ်မြောက် အခမ်းအနားသို့ တက်ရောက်သူအချို့ အား တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ပါသည်။
ဦးမောင်မောင်အောင်
သူရဲကောင်းစစ်သည် ဗိမာန် မှာ ဂုဏ်ပြုပွဲကျင်းပခဲ့တာဆိုရင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ၇ ရက်နေ့ က ပထမဆုံးအကြိမ် စတင်ပြီးတော့ သတ္တမအကြိမ်မြောက် (၇ကြိမ်) မြောက်ထိကို ရန်ကုန်မြို့ မှာရှိတဲ့ သူရဲကောင်းစစ်သည် ဗိမာန်မှာ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ နေပြည်တော်မှာရှိတဲ့ သူရဲကောင်း ဗိမာန်ကြီးဖွင့်ပြီးတဲ့ အချိန်ကတည်းကစပြီး ဒီမှာ ကျင်းပဖို့ ဆန္ဒအလွန်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနေ့ အဋ္ဌမအကြိမ်မြောက်မှာတော့ ဒီသူရဲကောင်း ဗိမာန်မှာ ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲကျင်းပ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တပ်မတော်ဆိုတာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက် နိုင်ငံတိုင်းမှာရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ တပ်မတော်က အခြားတပ်မတော် တွေနဲ့မတူ တစ်မူထူးခြားတာကတော့ ကျွန်တော်တို့ရဲ့ တပ်မတော်က လွတ်လပ်ရေးမရမီ အချိန်ကာလကစပြီး လွတ်လပ်ရေးရတဲ့အထိ တိုက်ပွဲတွေဝင်ပြီး တော့ ခေတ်အဆက်ဆက်က စစ်သည်တွေကျဆုံးခဲ့ရတယ်။ အလားတူ လွတ်လပ်ရေးရပြီးတဲ့ အချိန် မှာလည်း ပြည်တွင်းသောင်းကျန်း သူတွေကို နှိမ်နင်းရင်းနဲ့ ယခုမှာဆိုလည်း ပြည်တွင်းတည်ငြိမ်မှု ရရှိရေးကို ဆောင်ရွက်နေရင်းနဲ့ ခေတ်အဆက်ဆက်က အသက် စွန့်လွှတ်ခဲ့တဲ့ ရဲဘော်တွေ၊ စစ်သည်တွေ ရှိပါတယ်။
ဒါက တချို့ချို့သော အချိန် ကာလတွေမှာ တချို့ချို့သော အဖွဲ့အစည်းတွေ၊ တချို့ချို့သော ပါတီတွေဟာ ကျွန်တော်တို့ တပ်မတော်ရဲ့ ပုံရိပ်ကို ထိခိုက်အောင် လုပ်နေတာတွေရှိပါတယ်။ ဒါကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ခေတ် အဆက်ဆက်က တိုင်းပြည် အတွက် အသက်ပေးခဲ့ရတဲ့ စစ်သည်တွေကို မေ့လို့မရဘူး။ ကျွန်တော်တို့အမြဲတမ်း ဂုဏ်ပြုနေရမယ်။ ကျွန်တော်တို့ အသက်ရှိ နေသရွေ့ ဒီပွဲကြီးကို ဆက်လက် ကျင်းပသွားမယ်။ ကျွန်တော်တို့ မရှိတော့ရင်လည်း ကျွန်တော်တို့နောင်လာ နောက်သားတွေ ခေတ်အဆက်ဆက်က အမွန်အမြတ်ဆုံးသော စွန့်လွှတ်ခြင်းရဲ့ ဂုဏ်ဒြပ်နဲ့ တိုင်းပြည်အတွက် အသက်ပေး လှူသွားတဲ့သူတွေကို ကျွန်တော် တို့ ဆက်လက်ဂုဏ်ပြုနေမှာ ဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဒေါ်မြမြဝင်း၊ ဗိုလ်ကြီး-ထက်ညီ | ဟိန်း(ကျဆုံး) (သူရဲကောင်း ( မှတ်တမ်းဝင်)၏ မိခင်
၁၉၉၀ပြည့်နှစ်မှာ သားလေးကို မွေးခဲ့တာပါ၊ ခမရ(၄၁၅)မှာ ၆နှစ် တာဝန်ထမ်းဆောင်ခဲ့ရပါ တယ်။ ၂၀၁၂ ခုနှစ်က တိုင်းပြည် အတွက် သွား ၆ ချောင်းကို ပေးဆပ်ခဲ့ရပါတယ်။ အဲဒီနှစ်မှာပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင်လက်မှတ်ကို တစ်ကြိမ်ရရှိခဲ့ပါတယ်။ နောက်ပြီး ၂၀၁၅ ခုနှစ် လွတ်လပ် ရေးနေ့မှာလည်း သူရဲကောင်း မှတ်တမ်းဝင်ဘွဲ့တံဆိပ်ကို ထပ်မံရရှိခဲ့ပါတယ်။ ၂၄-၃-၂၀၁၅ ရက် နေ့မှာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း ကချင်ပြည်နယ်က ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ သားလေးကျဆုံးသွားခဲ့ပါတယ်၊ သားလေး အတွက် သိပ်ကိုဂုဏ်ယူပါတယ်။ မိဘဖြစ်စေချင်တဲ့ |လမ်းပေါ်မှာ သူလျှောက်ခဲ့တာပါ။ သူကိုယ်တိုင်ကလည်း တိုင်းပြည်အတွက် စွမ်းစွမ်းတမံဆောင်ရွက် ချင်ခဲ့တဲ့သူပါ။ အဲဒီလို ဆောင်ရွက် နိုင်အောင်လည်း အန်တီက ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ သူ့အတွက် အလွန်လည်း ဂုဏ်ယူပါတယ်။ ဒီအခမ်းအနားလေးကို ဖြစ်မြောက်အောင် လုပ်ပေးတဲ့ တာဝန်ရှိသူတွေကို လည်းကျေးဇူး တင်ပါတယ်။
အန်တီမှာ သားနဲ့ ပတ်သက် ပြီး တက်စရာဆိုလို့ဒီအခမ်းအနားလေးပဲရှိတော့တာပါ။ သားလေး နဲ့အတူ အသက်ပေးဆပ်ခဲ့ရတဲ့ သူရဲကောင်းတွေ အားလုံးလည်းကောင်းရာမွန်ရာကို ရောက်ပါ စေလို့ အန်တီဆုတောင်းပေးပါတယ်။ သူတို့လည်း မြင်နေ၊ သိနေမှာပါ။ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိခင်တွေကိုယ်စားပြောရ မယ်ဆိုရင် အန်တီတို့လို မိခင်တွေ အတွက်ကတော့ ကိုယ့်ရဲ့ နှလုံးသားကို ဖဲ့ပေးလိုက်ရသလိုပါပဲ။ ဒါပေမယ့် အချိန်လေးနဲ့ ကုစားရင်း၊ အခုလိုပဲ ဂုဏ်ယူရင်းနဲ့ပဲ အသက်ကို ဆက်လက်ရှင်သန်ကြပါလို့ တိုက်တွန်းချင် ပါတယ်။ အန်တီဆိုရင်လည်း ဒီနေ့အထိ လို့မရသေးပါဘူး။ဒါပေမယ့်လည်း သားအတွက် ဂုဏ်ယူပါတယ်။ ဒီအခမ်းအနားကို ၈ နှစ်လုံးလုံး အန်တီနှစ်တိုင်းတက်ခဲ့ပါတယ်။ ဝန်ထမ်းဖြစ်တော့ အခုဒီအခမ်း အနားကိုလည်း မနည်းမီအောင် လာခဲ့ရတာပါ။ အခုလို ဒီအခမ်း အနားကို ကျင်းပပေးတဲ့ တပ်မတော်ကြီးနဲ့ တပ်မတော်သားတွေ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။
သားနဲ့ အတူ အသက်ပေးဆပ် သွားတဲ့ သူရဲကောင်းတွေကိုကောင်းရာမွန်ရာ မြင့်မြတ်တဲ့ ဘဝကို သူတို့လည်းမြင်နေမှာပါ။ သိနေမှာပါ။ အကုန်လုံးကောင်းရာ မွန်ရာရောက်ရှိပါစေလို့ အန်တီ လည်း ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။
ဒေါ်ခင်ထိုက်စံ
အန်တီတို့က ဒီပွဲကို စပြီးလုပ် တဲ့အချိန် ရန်ကုန်မှာ ကတည်းက နှစ်စဉ်နှစ်တိုင်း တက်ခဲ့တာ ၆ နှစ် ရှိပါပြီ။ ဒီနှစ်က ရန်ကုန်မှာ မလုပ်ဘူး။ နေပြည်တော်မှာ လုပ်မယ်ဆိုတော့နေပြည်တော်ကို ရောက်အောင် သွားမယ်ဆိုပြီး အန်တီတို့တွေ လာခဲ့ကြတယ်။
အညတရ သူရဲကောင်း စစ်သည်တွေက ခေတ်အဆက်ဆက်က အမေ့ခံတွေပါ။ နိုင်ငံတော် အတွက် တိုင်းပြည်အတွက် သူတို့ရဲ့အသက်ကို စတေးပြီး တိုက်ပွဲဝင် ကာကွယ်ခဲ့ကြတာ။ စစချင်း ဂုဏ်ပြုတဲ့နှစ်ကစပြီး ဒီနှစ်အထိ မပျက်မကွက် တက်ရောက်ခဲ့ပါတယ်။ နောက်နှစ်တိုင်း နှစ်တိုင်းလည်း တက်ရောက်ပါမယ်။
အညတရ သူရဲကောင်း စစ်သည်များအားလုံး၊ ကျဆုံးခဲ့တဲ့ စစ်သည်များအားလုံး အန်တီတို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကိုယ့်မိသားစု၊ ကိုယ့်မောင်လေး။ ကိုယ့်အစ်ကို၊ ကိုယ့်တူသားလေးတွေကို ချစ်တဲ့အတိုင်း မေတ္တာရှိတဲ့အတိုင်း အန်တီတို့ ရင်ထဲမှာ အမြဲတမ်းရှိပါတယ်။ ရင်ထဲမှာ အမြဲတမ်းလေးစားခဲ့တယ်။ သူတို့ရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကိုလည်း ဒီနေရာကနေအားပေးပါ တယ်။ သူတို့ရဲ့ နောက်မှာ သူတို့ရဲ့ရှေ့မှာ အန်တီတို့ တပ်မတော် ချစ်တဲ့သူ အားလုံးရှိပါတယ်။
သတင်းစဉ်