နေပြည်တော် ဒီဇင်ဘာ ၅
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Maple Win Naypyitaw Co., Ltd အထည်ချုပ်စက်ရုံ Assessment Center သို့ ရောက်ရှိပြီး နေပြည်တော်တွင် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာရေးအတွက် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့မှ အထည်ချုပ်လုပ်သား များ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နေခြင်းကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက စက်ရုံတည်ထောင်ထားရှိမှု၊ လုပ်ငန်းလည်ပတ်နေမှု အခြေအနေနှင့် အထည်ချုပ်လုပ်သားများ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးလုပ်ငန်းစဉ်တို့ ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တစ်ချောင်းချုပ် အပ်ချုပ်စက်၊ ဓါးစက်၊ ကြယ်သီးတပ်စက်၊ ကြယ်သီး ဖောက်စက်၊ ချည်တုပ်စက် စသည့်စက်များကို အသုံးပြု၍ ကျွမ်းကျင်မှုစွမ်းရည်ဖြေဆိုနေသည့် အထည်ချုပ် လုပ်သား (၅၀)၏ ဖြေဆိုနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနီမြို့ရှိ Lat War Co., Ltd အထည်ချုပ် စက်ရုံ၏ Assessment Center သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက စက်ရုံ တည်ထောင်ထားရှိမှု၊ လုပ်ငန်းလည်ပတ်နေမှုအခြေအနေနှင့် အထည်ချုပ်လုပ်သားများ၏ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းစဉ်တို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး စက်များအသုံးပြု၍ ကျွမ်းကျင်မှု စွမ်းရည်ဖြေဆိုနေသည့် ချင်းတွင်းတံခွန် အထည်ချုပ်စက်ရုံမှ လုပ်သား(၅၀)၏ ဖြေဆိုနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
(သတင်းစဉ်)