Skip to main content

ရေကြည်မြို့နယ် သမဝါယမကဏ္ဍမှ စပါးစံပြကွက် ရိတ်သိမ်း

နေပြည်တော် ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ရေကြည် မြို့နယ် ဆင်းဧကရီ စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများ ပိုင်ဆိုင်သည့် လယ်ယာမြေများပေါ်တွင် မျိုးသန့်စပါးများ စိုက်ပျိုး ထားရှိခဲ့ရာ အဆိုပါ စပါးစံပြရိတ်သိမ်းပွဲ အခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများ၊ အသင်းသား တောင်သူ များ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် ရေကြည်မြို့နယ် သမဝါယမအသင်းစုက တောင်သူများ စိုက်ပျိုးထားရှိသည့် ဧည့်မထ စပါးတင်းပေါင်း ၃၀၀၀၀ ကို ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်